FREQUENTLY ASKED QUESTIONS
FREQUENTLY ASKED QUESTIONS
အလုပ်ရှင်များနှင့် နိုင်ငံရပ်ခြား အိမ်အကူများ (FDHs) အတွက်

မရပါ။ စံပြအလုပ်ခန့်ထားရေးစာချုပ် (ID 407) သည် ဟောင်ကောင်ရှိ FDHs အားလုံးအတွက် တစ်ခုတည်းသော တရားဝင်အလုပ်အကိုင်စာချုပ် ဖြစ်ပါသည်။ အလုပ်ရှင်နှင့် FDH တို့အကြား ချုပ်ဆိုထားသော အခြား အလုပ် အကိုင်ဆိုင်ရာ စာချုပ်များသည် ဟောင်ကောင်တွင် တရားမဝင်ပါ။ စံပြအလုပ်ခန့်ထားရေးစာချုပ်တစ်ခုစီသည် နှစ်နှစ်အထိ အကျုံးဝင်ပါသည်။

2023 ခုနှစ် စက်တင်ဘာလ 30 ရက်မှ စတင်သည့် FDHs အတွက် MAW သည် တစ်လလျှင် $4,870 ဖြစ်ပြီး 2023 ခုနှစ် စက်တင်ဘာလ 30 ရက် သို့မဟုတ် ၄င်းရက်နောက်ပိုင်း ချုပ်ဆိုထားသော အလုပ်အကိုင်စာချုပ်များအားလုံး တွင် အကျုံးဝင်ပါသည်။ FDHs များအားလုံးကို စံပြအလုပ်အကိုင်စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့် လုပ်အားခနှုန်းထားအတိုင်း ပေးဆောင်ရပါမည်။ အလုပ်ရှင်သည် နိမ့်ပါးသော လုပ်အားခနှုန်းထားဖြင့် သီးသန့် စာချုပ်ကို FDH နှင့် တစ်ဖက်သတ်ဖြစ်စေ နှစ်ဦးနှစ်ဖက် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ မပြုလုပ်သင့်ပါ။ FDH ကို လုပ်အားခလျှော့ပေးခြင်း သို့မဟုတ် FDH ၏ လုပ်အားခလစာအပေါ် မှားယွင်းစွာ အလွဲသုံးစားပြုလုပ်ပါက တရားစွဲဆိုခံရနိုင်သည်၊ ထောင်ဒဏ်ကျခံရနိုင်မည်ဖြစ်ပါသည်။

မရပါ။ စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 3 အရ FDH သည် စာချုပ်တွင် သတ်မှတ်ထားသည့် အလုပ်ရှင်၏ နေအိမ်တွင်သာ နေထိုင်ပြီး အလုပ်လုပ်ရပါမည်။ အလုပ်ရှင်များသည် FDHs အား သင့်လျော်သည့် တစ်ကိုယ်ရေ လုံခြုံမှုရှိသော နေရာထိုင်ခင်းကို ပံ့ပိုးပေးရပါမည်။ မသင့်လျော်သော နေရာထိုင်ခင်း စီစဉ်ပေးမှု ဥပမာများမှာ - FDHs သည် ကော်ရီဒါပေါ်တွင် ပြုလုပ်ထားသော တစ်ကိုယ်ရေ လုံခြုံမှု နည်းသည့် အိပ်ရာတွင် အိပ်ရခြင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင်ဖြစ်သည့် အရွယ်ရောက်ပြီးသူ/ ဆယ်ကျော်သက်တစ်ဦးနှင့် အခန်းတစ်ခန်းအား မျှဝေ အသုံးပြု ရခြင်းတို့ ဖြစ်ပါသည်။

စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 6 အရ FDHs သည် အလုပ်အကိုင်ဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထား သည့်အတိုင်း အောက်ပါခွင့်ရက်များကို ခံစားခွင့်ရှိပါသည် -

ထို့အပြင် စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 13 အရ FDH နှင့် အလုပ်ရှင်တို့သည် စာချုပ်သက်တမ်းတိုးရန် သဘောတူပါက FDH သည် စာချုပ်အသစ် မစတင်မီတွင် (ဟောင်ကောင်တွင် နေထိုင်မှု သက်တမ်း တိုးရန်အတွက် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးမှ ကြိုတင်ခွင့်ပြုချက်မပေးပါက) အနည်းဆုံး 7 ရက် လစာဖြင့်/လစာမဲ့ဖြင့် ၎င်း၏ မူလနေရပ်သို့ အလုပ်ရှင်၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ပြန်သွားရပါမည်။

အနာဂတ်တွင် အငြင်းပွားမှုများကို ရှောင်ရှားရန် အလုပ်ရှင်များသည် ခွင့်ရက်နှင့် ငွေပေးချေမှုမှတ်တမ်းများကို သင့်တော် မှန်ကန်စွာ သိမ်းဆည်းထားသင့်ပါသည်။

အမျိုးသမီး FDH တစ်ဦးသည် အောက်ပါအချက်အလက်များနှင့် ကိုက်ညီမှုရှိပါက သူမသည် လစာဖြင့် မီးဖွားခွင့် 14 ပတ်ကို ဆက်တိုက်ရယူရန် အရည်အချင်း ပြည့်မီပါသည် -

  • စီစဉ်ထားသည့် မီးဖွားခွင့်မစတင်မီ အနည်းဆုံး ရက်သတ္တပတ် 40 အလုပ်ခန့်ထားခြင်းခံရခြင်း။
  • ကိုယ်ဝန်အား အတည်ပြုပြီးနောက် အလုပ်ရှင်အား ကိုယ်ဝန်ရှိနေကြောင်းနှင့် မီးဖွားခွင့်ယူရန်ရှိကြောင်း အသိပေးပြီးခြင်း။ ဥပမာ - သူမ၏ ကိုယ်ဝန်ကို အတည်ပြုသည့် ဆေးလက်မှတ်ကို အလုပ်ရှင်ထံ တင်ပြ ခြင်းနှင့်
  • အလုပ်ရှင်မှ လိုအပ်ပါက ခန့်မှန်း မီးဖွားရက်ကို ဖော်ပြထားသည့် ဆေးလက်မှတ်တစ်ခုကို ထုတ်ယူပြီးခြင်း

မီးဖွားခွင့်လစာ၏ နေ့စဥ်နှုန်းထားသည် FDH ၏ ပျမ်းမျှနေ့စဉ်လုပ်အားခ၏ ငါးပုံပုံလျှင်လေးပုံနှင့် ညီမျှပါသည်။ မီးဖွားခွင့်ရက်အကြောင်း ပိုမိုသိရှိရန် ဤနေရာ ကိုနှိပ်ပါ။

အလုပ်ရှင်တစ်ဦးသည် မီးဖွားခွင့်ပေးချေမှုအားလုံးကို ပုံမှန်လစာပေးရက်တွင် ပေးဆောင်ပြီးနောက် အလုပ် အကိုင်ဆိုင်ရာ ဥပဒေအရ မီးဖွားခွင့် 11 ပတ်မှ 14 ပတ်တာ၏ လုပ်အားခကို အစိုးရထံမှ လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မီးဖွားခွင့်ရက်လစာ ပြန်အမ်းငွေအစီအစဥ်၏ ဝဘ်စာမျက်နှာသို့ ကျေးဇူးပြု၍ ဝင်ရောက် ကြည့်ရှုပါ။

အလုပ်ရှင်သည် FDH ၏ ပေါ့ဆမှု သို့မဟုတ် အမှားကြောင့် ၄င်း၏ ပစ္စည်းများ၊ စက်ကိရိယာ သို့မဟုတ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများအတွက် လုပ်အားခကို နုတ်ယူနိုင်ပါသည်။ မည်သည့် ကိစ္စတွင်မဆို နုတ်ယူမည့် ပမာဏသည် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအတိုင်းဖြစ်သော်လည်း HK$ 300 ထက် မကျော်လွန်ရပါ။ နုတ်ယူမှု စုစုပေါင်းသည် ထိုအလုပ်ကာလတွင် FDH ကို ပေးချေမည့် လုပ်အားခ၏ လေးပုံတစ်ပုံထက် မကျော်လွန်ရပါ။

FDH တစ်ဦးသည် လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပါက ၄င်း၏ အလုပ်ရှင်သည် အလုပ်သမားများ၏ လျော်ကြေးငွေဆိုင်ရာဥပဒေအရ ယေဘုယျအားဖြင့် လျော်ကြေးပေးဆောင်ရန် တာဝန်ရှိပါသည်။ ထိခိုက်ဒဏ်ရာရရှိသူ FDH သည် မတော်တဆမှုနှင့်ပတ်သက်၍ ၄င်းအလုပ်ရှင်ထံ အမြန်ဆုံးအကြောင်းကြားသင့်ပြီး အလုပ်ရှင်သည် မည်သည့် လုပ်ငန်းခွင် မတော်တဆမှုမျိုး အတွက်မဆို အလုပ်သမားရေးရာ ကော်မရှင်နာထံသို့ မတော်တဆမှု ဖြစ်ပွားပြီးနောက် 14 ရက်အတွင်း (သေဆုံးမှုများ အတွက် 7 ရက်) အကြောင်းကြားရပါမည်။ အလုပ်သမားများ၏ လစာခံစားခွင့်ဆိုင်ရာ ဥပဒေတွင် သတ်မှတ် ထားသည့် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကြောင့် ခန္ဓာကိုယ်မသန်စွမ်းတော့သည့် FDH သည်လည်း အလားတူ လျော်ကြေးနှင့် ကာကွယ်မှုများကို ခံစားခွင့်ရှိပါသည်။

အလုပ်ရှင်သည် လုပ်ငန်းခွင်အတွင်း FDH ရရှိသည့် ဒဏ်ရာများနှင့်စပ်လျဉ်း၍ လျော်ကြေးပေးရန် တာဝန်ရှိပါသည်။ လုပ်ငန်းခွင်အတွင်း ဒဏ်ရာရရှိမှုများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ဤနေရာ ကို နှိပ်ပါ။

စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 10 အရ အလုပ်ရှင်နှင့် ၎င်း၏ FDH တို့သည် သက်တမ်းမကုန်မီ တစ်လကြိုတင်၍ အသိပေးခြင်းဖြင့် သို့မဟုတ် အသိပေးခြင်းအစား တစ်လစာ လုပ်အားခကို ပေးဆောင်ခြင်းဖြင့် စာချုပ်ကို ရပ်စဲနိုင်ပါသည်။

အလုပ်ရှင်နှင့် FDH သည် စာချုပ်ရပ်စဲသည့် နေ့မှစ၍ ခုနစ်ရက်အတွင်း စာချုပ်ရပ်စဲခြင်းအား လူဝင်မှုကြီးကြပ်ရေး ဌာန၏ ညွှန်ကြားရေးမှူးထံ အခြားအဖွဲ့အစည်းများမှ အသိအမှတ်ပြုမိတ္ထူနှင့်အတူ အကြောင်းကြားစာတစ်စောင် စီ တင်ပြရန် လိုအပ်သည်။ လူဝင်မှုကြီးကြပ်ရေးဌာန၏ "နိုင်ငံရပ်ခြား အိမ်အကူနှင့် အလုပ်အကိုင်သဘောတူ စာချုပ် ရပ်စဲခြင်းဆိုင်ရာ အကြောင်းကြားစာ" (ID 407E) ကို ဖြည့်သွင်းရန် ရွေးချယ်နိုင်ပါသည်။

အလုပ်ရှင်သည် FDH ၏ ကျန်ရှိသော လုပ်အားခများနှင့် အခြားပေးချေမှုအားလုံးကို ဘဏ်မှတဆင့် ရှင်းသင့်ပြီး ပေးချေမှုအားလုံးအတွက် ပြေစာများ ရယူသင့်ပါသည်။ အလုပ်အကိုင်ဆိုင်ရာ စည်းမျဥ်းဥပဒေနှင့် စံပြအလုပ် အကိုင်စာချုပ်တွင် ပြဋ္ဌာန်းထားသော FDH ၏ ခံစားခွင့်များနှင့် အခြားပေးချေမှုများကို ပေးရန် ပျက်ကွက်သော အလုပ်ရှင်သည် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါသည်။

အလုပ်အကိုင်ဆိုင်ရာ စည်းမျဥ်းဥပဒေတွင် အကြောင်းကြားစာ ပေးပို့ခြင်း သို့မဟုတ် လုပ်အားခ တစ်လစာ ပေးချေခြင်းမပြုဘဲ စာချုပ်ရပ်စဲနိုင်သည့် အထူးအခြေအနေများနှင့် အလုပ်ထုတ်ပယ်ခြင်း မပြုနိုင်သည့် အခြေအနေများကိုလည်း ပြဋ္ဌာန်းထားပါသည်။ အောက်ပါ Q9 နှင့် Q10 ကို ကိုးကားပါ။

FDH သည် ၎င်း၏ အလုပ်အကိုင်နှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ပြုလုပ်ပါက အလုပ်ရှင်သည် FDH အား အကြောင်းကြားစာ ပေးပို့ခြင်း သို့မဟုတ် အကြောင်းကြားခြင်းအစား ငွေကြေး ပေးချေမှုမပြုလုပ်ဘဲ FDH ကို အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ပယ်နိုင်ပါသည် -

  1. တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော အမိန့်ကို တမင်တကာ မနာခံခြင်း
  2. အကျင့်ပျက်ခြစားခြင်း
  3. လိမ်လည်ခြင်း သို့မဟုတ် မရိုးသားခြင်း သို့မဟုတ်
  4. ၄င်း၏ အလုပ်တာဝန်များကို လစ်လျူရှုလေ့ရှိခြင်း

အလုပ်ထုတ်ခြင်းသည် ပြင်းထန်သော စည်းကမ်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ ၄င်းလုပ်ဆောင်ချက်မှာ FDH သည် အလွန်ဆိုးရွားသော အကျင့်ပျက်ခြစားမှုကို ကျူးလွန်ခဲ့ခြင်း သို့မဟုတ် အလုပ်ရှင်၏ ထပ်ခါတလဲလဲ သတိပေးပြီးနောက်တွင်လည်း ပြုပြင်ရန် ပျက်ကွက်သည့် ကိစ္စရပ်များနှင့်သာ သက်ဆိုင်ပါသည်။

FDH တစ်ဦးသည် အောက်ပါအကြောင်းအရာများနှင့်ကိုက်ညီပါက အကြောင်းကြားခြင်း သို့မဟုတ် အကြောင်းကြားခြင်းအစား ငွေပေးချေခြင်းမပြုလုပ်ဘဲ ၄င်း၏ အလုပ်အကိုင်စာချုပ်ကို ရပ်စဲနိုင်သည် -

  1. တရားမျှတပြီး ကျိုးကြောင်းဆီလျော်သော အမိန့်ကို တမင်တကာ မနာခံခြင်း
  2. အလုပ်ရှင်မှ နှိပ်စက်ညှင်းပန်းမှုခံရသူ
  3. အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ကိုင်နေသော အလုပ်အမျိုးအစားနှင့် အပြီးတိုင် မသင့်လျော်ကြောင်း မှတ်ပုံတင်ထားသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ သို့မဟုတ် တရုတ် ဆေးပညာရှင်ထံမှ သတ်မှတ်ခံထားရသူ

အကြောင်းကြားခြင်း သို့မဟုတ် အကြောင်းကြားခြင်းအစား ငွေပေးချေခြင်းမပြုလုပ်ဘဲ အလုပ်အကိုင် ရပ်စဲခြင်းအား အလွန်ထူးခြားသော အခြေအနေများတွင်သာ ထည့်သွင်းစဉ်းစားသင့်ပြီး တရားမျှတရပါမည်။ သို့မဟုတ်ပါက အခြားအဖွဲ့အစည်းထံမှ နစ်နာကြေး တောင်းဆိုမှုများကို ရင်ဆိုင်ရပါလိမ့်မယ်။

အလုပ်ရှင်တစ်ဦးသည် အောက်ပါအခြေအနေများအရ FDH ကို အလုပ်ထုတ်ခြင်းမပြုရပါ -

  • FDH သည် ကိုယ်ဝန်အားအတည်ပြုပြီး ကိုယ်ဝန်ရှိနေကြောင်းကို အသိပေးထားပြီးခြင်း
  • FDH သည် လစာဖြင့် နာမကျန်းခွင့်ရှိခြင်း
  • အလုပ်အကိုင်ဆိုင်ရာဥပဒေ သို့မဟုတ် အလုပ်ခွင် မတော်တဆမှုများနှင့် ပက်သက်၍ မည်သည့် တရားစွဲဆိုမှု သို့မဟုတ် စုံစမ်းမေးမြန်းမှုတွင်မဆို သက်သေအထောက်အထားများ သို့မဟုတ် အချက်အလက်များ ပေးခြင်းကြောင့် အလုပ်ထုတ်ခြင်း
  • အလုပ်သမားသမဂ္ဂအဖွဲ့ဝင် သို့မဟုတ် လှုပ်ရှားမှုများအတွက် အလုပ်ထုတ်ခြင်း သို့မဟုတ်
  • အလုပ်သမား၏ လျော်ကြေးငွေအတွက် သို့မဟုတ် အကဲဖြတ်လက်မှတ် မထုတ်ပေးမီ ၄င်းနှင့် သဘောတူညီမှုမရခင် ဒဏ်ရာရရှိသော FDH အား အလုပ်ထုတ်ခြင်း

အထက်ဖော်ပြပါ အခြေအနေများအရ FDH ကို အလုပ်ထုတ်သည့် အလုပ်ရှင်သည် တရားစွဲခြင်း ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အမြင့်ဆုံးဒဏ်ငွေ $100,000 အထိ ပေးဆောင်ရပါမည်။

FDHs သည် အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ဒေသခံဝန်ထမ်းများအတိုင်း တူညီသောကာကွယ်မှုကို ခံစားခွင့် ရှိကြပါသည်။ ၎င်းတို့သည် စံပြအလုပ်အကိုင်သဘောတူစာချုပ်တွင် သတ်မှတ် ထားသည့် အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကိုလည်း ထပ်မံခံစားခွင့်ရှိပါသည်။

အလုပ်အကိုင်သဘောတူစာချုပ်ကို ရပ်စဲရန် ရည်ရွယ်ထားသည့် အလုပ်ရှင်တစ်ဦးသည် FDH ထံ စာဖြင့် တစ်လကြိုတင်အကြောင်းကြားခြင်း သို့မဟုတ် အကြောင်းကြားစာအစား တစ်လစာလုပ်အားခ ပေးချေခြင်းအပြင် အများအားဖြင့် ပါဝင်သည့် အခြားအလုပ်ရပ်စဲမှုအတွက်ပေးချေမှုများ -

  • ကျန်ရှိနေသောလုပ်အားခများ
  • မယူရသေးသော တစ်နှစ်တာအတွက်ရရှိသည့် လစာဖြင့်ခွင့်ရက်နှင့် လက်ရှိတာဝန်ထမ်းဆောင် နေသည့် နှစ်အတွက် တစ်နှစ်တာအတွက် ရရှိသည့် လစာဖြင့်ခွင့်ရက်အချိုးကျအတိုင်း ခွင့်ရက်များ ပေးခြင်းအစား ငွေပေးချေမှု (အသေးစိတ်အချက်အလက်များအတွက် ကျေးဇူးပြု၍ Q12 ကို ကိုးကားပါ)
  • တာရှည်ဝန်ဆောင်မှုအတွက်ပေးချေမှု သို့မဟုတ် အလုပ်ရပ်စဲမှုအတွက်ပေးချေမှု၊ (အသေးစိတ် အချက်အလက်များ အတွက် ကျေးဇူးပြု၍ Q13 နှင့် Q14 ကို ကိုးကားပါ)
  • အလုပ်အကိုင်သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ FDH အတွက် အခြားပေးချေမှု။ ဥပမာ - အခမဲ့သွားလာခွင့်၊ စားစရိတ်နှင့် ခရီးစရိတ်ထောက်ပံ့ကြေး။

စာချုပ်ရပ်စဲသည့် ကိစ္စတွင် FDH ပေးရမည့် ပစ္စည်းများကို အလုပ်ရှင်များစစ်ဆေးရန် အလုပ်သမား ဝန်ကြီးဌာနမှ နမူနာပြေစာ ပြင်ဆင်ထားသည်။ FDHs နှင့် အလုပ်ရှင်များသည် သက်ဆိုင်ရာပေးချေမှု ပမာဏကို တွက်ချက်ရန် အလုပ်အကိုင်ဆိုင်ရာ တရားဝင်ရပိုင်ခွင့်များ ရည်ညွှန်းဂဏန်းတွက်စက် ကို အသုံးပြုနိုင်ပါသည်။

FDH တစ်ဦးသည် အလုပ်ရှင်တစ်ဦးတည်းထံတွင် 12 လကြာ တာဝန်ထမ်းဆောင်ပြီးနောက် တစ်နှစ်တာ အတွက် ရရှိသည့် လစာဖြင့်ခွင့်ရက်ကို ခံစားခွင့်ရှိပါသည်။ FDH တစ်ဦး၏ တစ်နှစ်တာအတွက်ရရှိသည့် လစာဖြင့်ခွင့်ရက် ရပိုင်ခွင့်သည် ၄င်း၏ ဝန်ဆောင်မှုသက်တမ်းအလိုက် 7 ရက်မှ 14 ရက်အထိ တဖြည်းဖြည်း တိုးလာမည် ဖြစ်ပါသည်။

အလုပ်အကိုင်စာချုပ်ကို ရပ်စဲသည့်အခါ အလုပ်ရှင်သည် FDH အား မယူရသေးသည့် တစ်နှစ်တာ အတွက်ရရှိသည့် လစာဖြင့်ခွင့်ရက်များကို ပေးခြင်းအစား 12 လတာကာလ၏ ပြီးမြောက်ခဲ့သော ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုပ်အားခကိုသာ ပေးချေသင့်ပါသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသည့် နှစ်အတွင်း 3 လ သို့သော်လည်း 12 လအောက် ဝန်ဆောင်မှုပေးခဲ့သော FDH (ဆိုလိုသည်မှာ အလုပ်ဝင်ပြီးနောက် 12 လတာကာလ) သည် တစ်နှစ်တာအတွက် ရရှိသည့် လစာဖြင့်ခွင့်ရက်ကို အချိုးကျအတိုင်း ခံစားခွင့်ရှိပါသည်။ တစ်နှစ်တာအတွက် ရရှိသည့် လစာဖြင့် ခွင့်ရက်များအကြောင်း ပိုမိုသိရှိနိုင်ရန် ဤနေရာ ကိုနှိပ်ပါ။

FDH တစ်ဦးသည် 24 လထက်မနည်း ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သမား ပိုလျှံ၍ မလိုအပ်တော့သည့် အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခံရပါက သို့မဟုတ် ၎င်း၏စာချုပ်ကို သက်တမ်းမတိုးပါက* အလုပ်ရှင်သည် FDH အား အလုပ်အကိုင်ရပ်စဲမှုအတွက်ပေးချေမှုကို ပေးဆောင်ရပါမည်။

FDH တစ်ဦးသည် 5 နှစ်ထက်မနည်း ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်ရှင်သည် FDH ၏ ဆိုးရွားသော အကျင့်ပျက်ခြစားမှု သို့မဟုတ် အလုပ်သမား ပိုလျှံ၍ မလိုအပ်တော့သည့် အခြေအနေမှလွဲ၍ အခြားသော အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခံရပါက သို့မဟုတ် ၎င်း၏စာချုပ်ကို သက်တမ်းမတိုးပါက* အလုပ်ရှင်သည် FDH အား တာရှည်ဝန်ဆောင်မှုအတွက်ပေးချေမှုကို ပေးဆောင်ရပါမည်။

*အလုပ်ရပ်စဲမှုအတွက် ပေးချေမှုကိစ္စတွင် အလုပ်ထုတ်သည့်နေ့/ သတ်မှတ်ကာလစာချုပ်သက်တမ်း မကုန်မီ 7 ရက်ထက်မနည်းနှင့် အလုပ်ရပ်စဲမှုအတွက် ပေးချေမှုကိစ္စတွင် သတ်မှတ်ကာလ စာချုပ် သက်တမ်းမကုန်မီ 7 ရက်ထက်မနည်း အလုပ်ရှင်မှ စာချုပ်အားသက်တမ်းတိုးရန် သို့မဟုတ် စာချုပ်အသစ်အရ ပြန်လည်ဆက်ဆံရန် စာဖြင့် ကမ်းလှမ်းထားခဲ့သော်လည်း ၄င်းအလုပ်သမားမှာ အဆိုပါ ကမ်းလှမ်းချက်အား အကြောင်းပြချက်မရှိဘဲ ငြင်းဆိုသောကြောင့် ၄င်းအလုပ်သမားသည် ရပိုင်ခွင့်များအတွက် အရည်အချင်းမပြည့်မီပါ။

FDH သည် တာရှည်ဝန်ဆောင်မှုအတွက်ပေးချေမှုနှင့် အလုပ်ရပ်စဲမှုအတွက်ပေးချေမှု နှစ်ခုစလုံးကို တစ်ပြိုင်နက်ထည်း ခံစားခွင့်ရှိမည်မဟုတ်ပါ။ တာရှည်ဝန်ဆောင်မှုအတွက်ပေးချေမှုနှင့် အလုပ်ရပ်စဲမှုအတွက် ပေးချေမှုအကြောင်း ပိုမိုသိရှိနိုင်ရန် ဤနေရာ ကိုနှိပ်ပါ။

အလုပ်ထုတ်ခြင်းအတွက် လျော်ကြေးငွေနှင့် တာရှည်ဝန်ဆောင်မှုအတွက် ငွေပေးချေမှုပမာဏကို အောက်ပါအတိုင်း တွက်ချက်ပါသည် -

(လစဥ်လုပ်အားခ x 2/3) x ဝန်ဆောင်မှုပေးခဲ့သော နှစ်များအရေအတွက်*

*တစ်နှစ်မပြည့်သည့် ဝန်ဆောင်မှုအား လုပ်အားခတစ်နေ့နှုန်းထားကို အခြေခံ၍ တွက်ချက်သင့်ပါသည်။

အလုပ်သမားဦးစီးဌာန အလုပ်သမားဆက်ဆံရေးဌာနခွဲ၏ ရုံးခွဲများ သည် အလုပ်ရှင်များနှင့် FDHs အနေဖြင့် အမျိုးမျိုးသော အလုပ်အကိုင် အခွင့်အလမ်းများကို နားလည်သဘောပေါက်စေရန် အကြံပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေး ပါသည်။ အဆိုပါဌာနခွဲသည် အလုပ်အကိုင်စည်းမျဥ်းဥပဒေ သို့မဟုတ် အလုပ်အကိုင်စာချုပ်အရ တောင်းဆိုချက်များကို ဖြေရှင်းရန် အခမဲ့ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ပြေလည်မှုမရရှိခဲ့ပါက အလုပ်သမားဦးစီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ တောင်းဆိုချက်အရ တိုင်ကြားထားသည့် ပမာဏအပေါ် မူတည်၍ အဆိုပါအမှုအား စီရင်ဆုံးဖြတ်ရန် အသေးစား အလုပ်အကိုင်တောင်းဆိုမှုဆိုင်ရာ တရားစီရင်ရေး ဘုတ်အဖွဲ့ သို့မဟုတ် အလုပ်သမားခုံရုံးသို့ လွှဲပြောင်းပေးမည်ဖြစ်ပါသည်။

အလုပ်အကိုင်စည်းမျဥ်းဥပဒေနှင့် စံပြအလုပ်အကိုင်စာချုပ်ပါ အချက်အလက်များကို အလုပ်သမားဦးစီးဌာန ဝဘ်ဆိုဒ် (https://www.labour.gov.hk/eng/faq/content.htm) နှင့် ဟော့လိုင်း (2717 1771/ 2157 9537) တို့မှလည်း ရယူနိုင်ပါသည်။

အလုပ်ရှာသူများ (FDHs အပါအဝင်) နှင့် အလုပ်ရှင်များသည် အေဂျင်စီ၏ စည်းမျဉ်းဆိုင်ရာ အချက်အလက်များကို လွယ်ကူစွာကြည့်နိုင်ရန်နှင့် အေဂျင်စီတွင် တရားဝင်လိုင်စင်ရှိမရှိ အများပြည်သူ စစ်ဆေးနိုင်ရန် အလုပ်သမားဦးစီး ဌာနသည်(www.eaa.labour.gov.hk)ကို ထူထောင်ထားပါသည်။ အေဂျင်စီများ၏ မှတ်တမ်းများ ပွင့်လင်းမြင်သာ စေရန်နှင့် အလုပ်ရှာသူနှင့်အလုပ်ရှင်ကို အသိပေးသော ဆုံးဖြတ်ချက်များချရာတွင် အဆင်ပြေရန် အလုပ်သမားဦးစီး ဌာနသည် ငွေပိုနှင့် လိုင်စင်မဲ့လုပ်ကိုင်မှု မှတ်တမ်းများကို သေချာဆောင်ရွက်ခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ရုတ်သိမ်းခြင်း/ငြင်းဆိုခြင်းနှင့် သတိပေးစာထုတ်ပြန်ခြင်းကို အလုပ်အကိုင်အေဂျင်စီများဝဘ်ဆိုဒ်တွင် စနစ်တကျ ထုတ်ပြန်ပါသည်။ အလုပ်ရှင်များနှင့် FDHs သည် ၄င်းတို့အလုပ်အကိုင်အခွင့်အရေးနှင့် အလုပ်အကိုင် အေဂျင်စီများနှင့် သက်ဆိုင်သည့်ကိစ္စများအတွက် စုံစမ်းမှုနှင့်တိုင်ကြားမှုများကို ပြုလုပ်ရာတွင် လွယ်ကူစေရန် FDH ဝဘ်ဆိုဒ် နှင့် EA ဝဘ်ဆိုဒ် နှစ်ခုစလုံးတွင် အွန်လိုင်းဖောင်များကို ရရှိနိုင်ပါသည်။

နိုင်ငံရပ်ခြား အိမ်အကူများအတွက် (FDHs)

FDH တစ်ဦးသည် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်းစသည့် အိမ်အကူတာဝန်အမျိုးမျိုးကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရနိုင်ပါသည်။ အိမ်အကူတာဝန်များသည် ရိုးရှင်းပုံပေါ်သော်လည်း မသင့်လျော်သော ကိုယ်ဟန် အနေအထား သို့မဟုတ် ထပ်ခါတလဲလဲ လှုပ်ရှားမှုများကြောင့် ကြွက်သားအရိုးအကြောဆိုင်ရာ ချို့ယွင်းမှုများကဲ့သို့ ကျန်းမာရေးဆိုင်ရာအန္တရာယ်များနှင့် လျှပ်စစ်ပစ္စည်းများကို မသင့်လျော်စွာ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဝါယာလျှော့များ၊ မီးဖိုချောင်တွင် အလုပ်လုပ်သောအခါ ဒဏ်ရာများ၊ မီးလောင်ကျွမ်းမှုများ သို့မဟုတ် မီးလောင်ဒဏ်ရာများကဲ့သို့ ဖြစ်နိုင်ချေရှိသော လုပ်ငန်းခွင် ဘေးအန္တရာယ်များကို ကြုံတွေ့ရနိုင်ပါသည်။ နောက်ထပ် အကြံပြုချက်များအတွက် အလုပ်သမားဦးစီးဌာန မှထုတ်ဝေသော "ဟောင်ကောင်တွင် အလုပ်လုပ်ရန်အတွက် ပြင်ဆင်ထားပါ - နိုင်ငံရပ်ခြား အိမ်အကူများအတွက်လက်စွဲစာအုပ်" ကို ကိုးကားဖတ်ရှုပါ။

ဘဏ်များ၊ ငွေလွှဲအေးဂျင့်များနှင့် အီလက်ထရောနစ်ဝေါလက်များသည် FDHs တို့ အသုံးအများဆုံး ငွေလွှဲလမ်းကြောင်းများ ဖြစ်ပါသည်။ ငွေလွှဲဝန်ဆောင်မှုအမျိုးမျိုးအား နှိုင်းယှဉ်ကာ မိမိတို့၏ လိုအပ်ချက်များနှင့် အကိုက်ညီဆုံးတစ်ခုကို ရွေးချယ်နိုင်သော်လည်း တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် ဝန်ဆောင်မှုပေးနေသူနှင့်သာ ထိတွေ့ဆက်ဆံရန် အရေးကြီးပါသည်။ အကောက်ခွန်နှင့် အခွန်ဦးစီးဌာန ဝဘ်ဆိုဒ်တွင် မှတ်ပုံတင်ထားသော လိုင်စင်ရငွေလွှဲဝန်ဆောင်မှု အော်ပရေတာများကို အတည်ပြု စစ်ဆေးနိုင်ပါသည်။

တည်ဆဲဥပဒေများသည် ဟောင်ကောင်ရှိမည်သူ့ကိုမဆို တိုက်ခိုက်မှု၊ မုဒိမ်းမှုနှင့် မဖွယ်မရာပြုကျင့်မှု စသည့် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုတို့မှ ကာကွယ်ပေးပါသည်။ ဟောင်ကောင်တွင် နေထိုင်သူများအနေဖြင့် သင့်အားဥပဒေအရ အပြည့်အဝကာကွယ်ပေးပါသည်။ အကူအညီယူရန် 999 ကို ဖုန်းခေါ်ခြင်း သို့မဟုတ် နီးစပ်ရာရဲစခန်း သို့သွား၍ အလွဲသုံးစားပြုမှုကိစ္စများကို တိုင်ကြားရန် တိုက်တွန်းပါသည်။

အလုပ်အကိုင်စာချုပ်တွင် ဖော်ပြထားသည့် လုပ်အားခပမာဏထက် လျော့နည်းနေပါက လုပ်အားခ တွက်ချက်ရာတွင် အမှားရှိမရှိကို အလုပ်ရှင်နှင့် စစ်ဆေးသင့်ပါသည်။ လုပ်အားခပေးခြင်းမရှိဘဲ ငွေလက်ခံရရှိမှုပြေစာကို အသိအမှတ်မပြုသင့်။ လုပ်အားခလျှော့ပေးမှုအတွက် ကျေနပ်လောက်သည့် ရှင်းလင်းချက်မရှိပါက အလုပ်သမားဦးစီးဌာန အလုပ်သမားဆက်ဆံရေးဌာနခွဲ၏ ရုံးခွဲများ သို့ ချက်ချင်း သတင်းပေးပို့သင့်ပါသည်။

စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 5(b) အရ အလုပ်ရှင်သည် အစားအသောက်ကို အခမဲ့ ပံ့ပိုးပေးရပါမည်။ အခမဲ့ အစားအသောက်ပံ့ပိုးမှုမရှိပါက စံပြအလုပ်အကိုင်စာချူပ်တွင် သတ်မှတ်ထား သည့် ပမာဏထက် မနည်းသော စားစရိတ်ထောက်ပံ့ကြေးကို ပေးဆောင်ရပါမည်။

စံပြအလုပ်အကိုင်စာချုပ်တွင် ပံ့ပိုးရမည့် အစားအသောက်၏ အမျိုးအစားနှင့်ပမာဏကို မသတ်မှတ်ထား ပါ။ လုံလောက်သော သို့မဟုတ် သင့်လျော်သောအစားအသောက် ပံ့ပိုးမှုမရှိပါက သင်၏ အစားအသောက် လိုအပ်ချက်အား အလုပ်ရှင်ထံသို့ ပြောပြသင့်ပါသည်။ နှစ်ဦး သဘောတူ အစားအသောက်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် FDHs နှင့် အလုပ်ရှင်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

ကိုယ်ဝန်ရှိပါက သင်နှင့် သင့်ကလေး ကျန်းမာကြောင်း သေချာစေရန် ကိုယ်ဝန်စစ်ဆေးမှုကို ပြုလုပ်သင့် ပါသည်။ ကျန်းမာရေးဌာနနှင့် ဆေးရုံအာဏာပိုင်တို့၏ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ပံ့ပိုးသည့် ကိုယ်ဝန် စစ်ဆေးမှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် အောက်ပါလင့်ခ်များကို ကိုးကားနိုင်သည် -

မီးဖွားခွင့်ယူပြီး မီးဖွားရန်အတွက် သင်၏ မွေးရပ်မြေသို့ ပြန်လိုပါက အလုပ်ရှင်ထံ တောင်းဆိုနိုင်ပြီး နှစ်ဦးနှစ်ဖက်လုံးမှ သက်ဆိုင်ရာ အစီအစဉ်ကို ဆွေးနွေးပြီး သဘောတူနိုင်ပါသည်။ မျှော်လင့်မထားဘဲ ကိုယ်ဝန်ရှိနေပါက တိုင်ပင်ဆွေးနွေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းအတွက် လူမှုဖူလုံရေးဌာန၏ ပေါင်းစပ် မိသားစုဝန်ဆောင်မှု (ဖုန်း - 2343 2255) သို့မဟုတ် ဟောင်ကောင်မိသားစုစီမံကိန်းအဖွဲ့ (ဖုန်း - 2572 2222) သို့ ဆက်သွယ်နိုင်ပါသည်။

အလုပ်အကိုင်ဆိုင်ရာ ဥပဒေတွင် အလုပ်ရှင်သည် ကိုယ်ဝန်ဆောင်ဝန်ထမ်းများအား လေးလံသော၊ အန္တရာယ်ရှိသော အလုပ်များ တာဝန်ပေးခြင်းကို တားမြစ်ထားပါသည်။ ကိုယ်ဝန်ဆောင် FDH သည် သူမ၏ အလုပ်ရှင်ထံသို့ ကိုယ်ဝန်ကြောင့် အချို့အလုပ်များကို လုပ်ကိုင်ရန် မသင့်လျော်ကြောင်းကို ဖော်ပြသည့် ဆေးလက်မှတ်ကို တင်ပြထားပါက အလုပ်ရှင်သည် ကျွမ်းကျင်သော ပညာရှင်များထံမှ အကြံဉာဏ်နှင့်အညီ သူမ၏ အလုပ်တာဝန်အတိုင်းအတာကို သင့်လျော်စွာ ချိန်ညှိသင့်ပါသည်။

ထို့အပြင် ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်ရန် FDH အား တာဝန်ပေးသည့်အခါတွင် အလုပ်ရှင်သည် FDH ၏ လုပ်ငန်းခွင်ဘေးကင်းမှုကို ကာကွယ်ရန် စံပြအလုပ်အကိုင် သဘောတူစာချုပ်အရ ပြတင်းပေါက် သန့်ရှင်းရေးဆိုင်ရာ အပိုဒ်များကို လိုက်နာရပါမည်။ အပိုဒ်ခွဲတွင် ၄င်း၏ အလုပ်ရှင်သည် မြေညီထပ် သို့မဟုတ် လသာဆောင်နှင့် ကပ်လျက်မဟုတ်သော သို့မဟုတ် ဘုံစင်္ကြံ၏ အပြင်ဘက်ရှိ မည်သည့် ပြတင်းပေါက်ကိုမဆို (FDH အလုပ်လုပ်ရန် ကျိုးကြောင်းဆီလျော်စွာ ဘေးကင်းရမည်) သန့်ရှင်းရေး လုပ်ရန် FDH အားလိုအပ်လာပါက အောက်ပါအခြေအနေများအရ လုပ်ဆောင်သင့်ပါသည် -

  • သန့်ရှင်းရေးလုပ်ထားသော ပြတင်းပေါက်ကို ဖွင့်ခြင်းအား တားဆီးသည့် ပုံစံဖြင့် လော့ခ်ချထားခြင်း သို့မဟုတ် ခိုင်ခန့်သော သံဗန်းတစ်ခုကို တပ်ဆင်ထားပါ နှင့်
  • လက်နှစ်ဖက်မှလွဲ၍ မည်သည့်ကိုယ်ခန္ဓာအစိတ်အပိုင်းမှ ပြတင်းပေါက်အထစ်ထက် မကျော်ရပါ

အလုပ်အကိုင်အေဂျင်စီများထံမှ အလုပ်အကိုင်အကူအညီယူသည့်အခါ အောက်ပါတို့ကို ပြုလုပ်သင့် သည် -

  • အေဂျင်စီတွင် အလုပ်သမားဦးစားဌာနမှထုတ်ပေးသော တရားဝင်လိုင်စင်ရှိမရှိကို သေချာစုံစမ်းပါ
  • ပထမဆုံးလ၏ လုပ်အားခကို ရရှိပြီးမှ သတ်မှတ်ထားသော ကော်မရှင်ကို ပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါ ပမာဏသည် ပထမဆုံးလလုပ်အားခ၏ 10% ထက် မကျော်အောင် သေချာဆောင်ရွက်ပါ
  • မည်သည့်ငွေပေးချေမှုအတွက်မဆို ပြေစာတစ်ခု တောင်းပါ
  • စံပြအလုပ်အကိုင်သဘောတူစာချုပ်မူရင်းကို သိမ်းဆည်းထားပါ
  • ကိုယ်ရေးကိုယ်တာ သက်သေခံစာရွက်စာတမ်းများကို လုံခြုံစွာ သိမ်းဆည်းထားပါ။

အောက်ပါတို့ကို မပြုလုပ်သင့်ပါ -

  • သတ်မှတ်ထားသောကော်မရှင်မှလွဲ၍ အခြားကုန်ကျစရိတ်များ သို့မဟုတ် အခကြေးငွေများကို အေဂျင်စီအား ပေးဆောင်ခြင်း
  • အေဂျင်စီ၏ တောင်းဆိုချက်ဖြင့် မည်သည့်ဘဏ္ဍာရေးအဖွဲ့အစည်းထံမှမဆို ငွေချေးခြင်းဖြင့် အေဂျင်စီအား ပေးဆောင်ခြင်းနှင့်
  • စည်းကမ်းချက်များကို အပြည့်အဝနားမလည်ဘဲ စာရွက်စာတမ်း၊ သဘောတူညီချက် သို့မဟုတ် စာချုပ်တစ်ခုခုကို လက်မှတ်ထိုးခြင်း။

နောက်ထပ်အချက်အလက်များအတွက် အလုပ်အကိုင်အေဂျင်စီများပေါ်တယ် သို့ ဝင်ရောက်ကြည့်ရှုပါ။

ယေဘုယျအားဖြင့် ဟောင်ကောင်တွင် အလုပ်လုပ်နေကြသော FDHs သည် နှစ်နှစ်စာချုပ်များကို ပြီးမြောက်စွာ လုပ်ကိုင်နိုင်ရန် မျှော်လင့်ကြပါသည်။ အလုပ်ရှင်ပြောင်းရန်အတွက် လျှောက်ထားလိုသော FDH သည် မွေးရပ်မြေသို့ ဦးစွာပြန်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနထံ အလုပ်ဗီဇာလျှောက်လွှာအသစ်ကို ပြန်လည်လျှောက်ထားသင့်ပါသည်။ ခြွင်းချက်အခြေအနေများအရ မူလအလုပ်ရှင်သည် ပြည်ပအပြောင်း အရွှေ့၊ ရွှေ့ပြောင်းနေထိုင်မှု၊ သေဆုံးမှု သို့မဟုတ် ငွေကြေးဆိုင်ရာ အကြောင်းပြချက်များကြောင့် စာချုပ်ကို ဆက်လက်မချုပ်ဆိုပါက သို့မဟုတ် FDH ကို အနိုင်ကျင့်ခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်း ခံရကြောင်း ဖော်ပြသည့် အထောက်အထားများရှိပါက မွေးရပ်မြေသို့ ပြန်ရန် မလိုဘဲ ဟောင်ကောင်တွင် အလုပ်ရှင် ပြောင်းရန် လျှောက်ထားနိုင်ပါသည်။ FDH သည် အလုပ်ရှင်ပြောင်းရန် အလုပ်အကိုင် သဘောတူစာချုပ်ပါ အစီအစဉ်များကို အလွဲသုံးစားလုပ်သည်ဟု သံသယရှိခံရပါက ဟောင်ကောင်တွင် အလုပ်လုပ်ရန် ဗီဇာ လျှောက်ထားမှုမှာ ငြင်းပယ်ခံရနိုင်သည်။ အစိုးရသည် ၄င်း၏ နောင်အနာဂတ် အလုပ်ဗီဇာ လျှောက်ထားမှု များကို ထည့်သွင်းစဉ်းစားရာတွင် သက်ဆိုင်ရာ မှတ်တမ်းများကို ထည့်သွင်းစဉ်းစားပါမည်။

သင်၏ အလုပ်စာချုပ် ပြီးဆုံးချိန် သို့မဟုတ် စာချုပ်ဖျက်သိမ်းသည့် နေ့မှ 2 ပတ်အတွင်း သင်သည် ဟောင်ကောင်မှ ထွက်ခွာရန် လိုအပ်ပါသည်။ FDH တစ်ဦးသည် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးချိန်တွင် ဟောင်ကောင်မှ ထွက်ခွာခြင်းမပြုပါက နေထိုင်ခွင့်ဥပဒေ၏ စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်ခြင်းအတွက် အရေးယူခံရမည်ဖြစ်ပြီး အမြင့်ဆုံးဒဏ်ငွေ $50,000 နှင့် ထောင်ဒဏ် 2 နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်ပါသည်။ ၄င်းသည် ပြစ်ဒဏ်ကျခံပြီးနောက် ဟောင်ကောင်မှလည်း နှင်ထုတ်ခြင်း ခံရမည်ဖြစ်သည်။ ဖယ်ရှားခံရသူများကို FDH အဖြစ် ထပ်မံလုပ်ကိုင်ရန် ဟောင်ကောင်သို့ လာရောက်ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ နေထိုင်ခွင့်ကန့်သတ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက စုံစမ်းမေးမြန်းရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာန (ဟော့လိုင်း - 2824 6111 ၊ အီးမေးလ် - enquiry@immd.gov.hk) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အလုပ်ရှင်များအတွက်

ထုတ်ယူရပါမည်။ အလုပ်ရှင်များသည် ဥပဒေများအရ (ဘုံဥပဒေအပါအဝင်) ၎င်းတို့၏တာဝန် ဝတ္တရားများကို ကာမိစေရန် FDHs အတွက် အလုပ်သမားများ၏လျော်ကြေးအာမခံကို ထုတ်ယူရန် လိုအပ်ပါသည်။ အာမခံတစ်ခုကိုရယူရန် ပျက်ကွက်သော အလုပ်ရှင်သည် တရားစွဲဆိုခြင်းခံရကာ အမြင့်ဆုံးဒဏ်ငွေ $100,000 နှင့် ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါသည်။

ထို့အပြင် စံပြအလုပ်အကိုင်စာချုပ်၏ အပိုဒ် 9(a) တွင် အလုပ်ရှင်များသည် FDHs အား ဟောင်ကောင်တွင် အလုပ်လုပ်နေစဥ်အတွင်း အခမဲ့ဆေးကုပေးခြင်း ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းမှု၊ ပြန်လည်ထူထောင်မှုနှင့် အရေးပေါ် သွားဘက်ဆိုင်ရာကုသမှု အပါအဝင် ကို ပံ့ပိုးပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များမှ ဖြစ်ပေါ်လာသည့် မမျှော်လင့်ထားသော ကုန်ကျစရိတ်များကို စီမံခန့်ခွဲရန်အတွက် အလုပ်ရှင်များအား ဆေးအာမခံနှင့် အလုပ်သမားများ၏ လျော်ကြေးအာမခံနှစ်မျိုးလုံး အကျုံးဝင်သည့် ပြီးပြည့်စုံသော FDH အာမခံမူဝါဒများကို ထုတ်ယူရန် အကြံပြုထားပါသည်။ FDHs အတွက် ဒီဇိုင်းထုတ်ထားသော ပြည့်စုံသည့် အာမခံထုတ်ကုန်အမျိုးမျိုးကို အာမခံစျေးကွက်တွင် ရနိုင်ပါသည်။ အလုပ်ရှင်များသည် ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အာမခံအစီအစဉ်ကို ရွေးချယ်နိုင်ပါသည်။

FDH ၏ ဘဏ်အကောင့်သို့ ချက်လက်မှတ်ဖြင့် သို့မဟုတ် အလိုအလျောက်ပေးချေမှုဖြင့် သို့မဟုတ် ၄င်း၏ တောင်းဆိုမှုအရ ငွေသားဖြင့် လုပ်အားခကို ပေးချေနိုင်သည်။ လုပ်အားခပေးချေမှုအတွက် ငွေလက်ခံပြေစာပေးသင့်ပြီး တွက်ချက်မှုများအကြောင်း FDH အား သေချာစွာ ရှင်းပြသင့်ပါသည်။ နှစ်ဦးနှစ်ဘက် သဘောတူထားသည့် ငွေပေးချေမှုပမာဏကို အသိအမှတ်ပြုရန် သင်၏ FDH အား လက်မှတ်ထိုးခိုင်းပြီး ငွေလက်ခံပြေစာကို စနစ်တကျ သိမ်းဆည်းထားပါ။

အချို့အလုပ်ရှင်များသည် အိမ်လုံခြုံမှုနှင့် မိသားစုဝင်များကို ဂရုစိုက်ရန် လိုအပ်ကြောင်း တွက်ချက်ပြီး နေအိမ်တွင် (CCTV) စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်နိုင်ပါသည်။ သင်သည် CCTV စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ထားရန်ဆုံးဖြတ်ပါက စောင့်ကြည့်စစ်ဆေးမှုကို ထူးထူးခြားခြား လုပ်ဆောင်သင့်ပြီး ပထမဆုံးစောင့်ကြည့်ရေးစနစ်၏ လုပ်ဆောင်ချက်မစတင်မီ နေအိမ်တွင် ဗီဒီယိုစောင့်ကြည့်ရေးစနစ် တပ်ဆင်ခြင်းနှင့်ပတ်သက်၍ FDH အား ရှင်းလင်းစွာ အသိပေးသင့်ပါသည်။ အိမ်သာ၊ ရေချိုးခန်းနှင့် FDH အလုပ်ပြီးနောက် အနားယူသည့် သီးသန့်ဧရိယာအတွင်း လှုပ်ရှားမှုများကို ပြသသည့် CCTV စောင့်ကြည့်ရေးစနစ်ကိုများ မထားရှိသင့်ပါ။

အိမ်တွင် CCTV စောင့်ကြည့်ရေးစနစ်များ တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာ အချက်အလက်များအတွက် အလုပ်ရှင်များသည် ကိုယ်ရေးကိုယ်တာ ကော်မရှင်နာမှ ထုတ်ပြန်သော "အလုပ်တွင်စောင့်ကြည့်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် - အိမ်အကူများ၏ အလုပ်ရှင်များအတွက် သတိပြုရန်အချက်များ" လမ်းညွှန်ချက်များကို ကိုးကားသင့်ပါသည် ။ FDH ၏ သိရှိနားလည်မှုမပါဘဲ ထိုသို့စောင့်ကြည့်စစ်ဆေးမှုကို ပြုလုပ်ပါက အလုပ်ရှင်သည် ကိုယ်ရေးကိုယ်တာ အချက်အလက် (ကိုယ်ရေးကိုယ်တာ) စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်ပါသည်။

စံပြအလုပ်အကိုင်စာချုပ်တွင် FDHs ၏ လုပ်ငန်းခွင်ဘေးကင်းမှုကို ကာကွယ်ရန် အပြင်ဘက်မျက်နှာစာရှိ ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်ခြင်းဆိုင်ရာ အပိုဒ်များ ပါဝင်ပါသည်။ မြေညီထပ် သို့မဟုတ် လသာဆောင်နှင့် ကပ်လျက်တွင် မရှိသော ပြတင်းပေါက်၏ မည်သည့် အပြင်ဘက်တွင်မဆို (FDH အလုပ်လုပ်ရန် သင့်လျော်စွာဘေးကင်းရမည့် နေရာ) သို့မဟုတ် ဘုံစင်္ကြံတွင် သန့်ရှင်းရေးလုပ်ရန် အလုပ်ရှင်မှ FDH အား လိုအပ်ပါက အလုပ်ကို အောက်ပါအခြေအနေများအရ ဆောင်ရွက်ရပါမည်ဖြစ်ကြောင်း အပိုဒ်ခွဲတွင် ဖော်ပြထားသည် -

  • သန့်ရှင်းရေးလုပ်နေသော ပြတင်းပေါက်အား ဖွင့်ခြင်းမှ တားဆီးရန် သော့ခတ်ထားခြင်း သို့မဟုတ် လုံခြုံအောင်ပြုလုပ်ထားသော အကာအကွယ်တစ်ခု တပ်ဆင်ထားခြင်းနှင့်
  • FDH ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် လက်မောင်းများမှလွဲ၍ ပြတင်းပေါက်အထစ်ကို မကျော်ရပါ။

အားအင်နည်းသော သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရာတွင် FDHs ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် လူမှုဖူလုံရေးဌာန (SWD) သည် 2018 ခုနှစ်မှစတင်၍ ဟောင်ကောင်ရှိ ခရိုင် 18 ခုလုံးရှိ FDHs အတွက် အခမဲ့လေ့ကျင့်ရေးသင်တန်းများပို့ချရန် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ခရိုင်သက်ကြီးရွယ်အို စင်တာများနှင့် ပူးပေါင်း၍ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ FDHs အတွက် လေ့ကျင့်ရေး ရှေ့ပြေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် SWD သည် မသန်စွမ်းသူများ ပြုစု စောင့်ရှောက်ရေး ဆိုင်ရာ FDHs အတွက် ရှေ့ပြေးအစီအစဉ်ကို 2023 ခုနှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ကျွမ်းကျင်မှုနှင့် အသိပညာများကိုမြှင့်တင်ရန် FDHs အတွက် အခမဲ့လေ့ကျင့်ရေးသင်တန်းများပို့ချရန် ခရိုင် မသန်စွမ်းသူများပံ့ပိုးရေးစင်တာများကို တာဝန် ပေးအပ်ထားပြီး စိတ်ဝင်စားသော အလုပ်ရှင်များနှင့် FDHs သည် ခရိုင်သက်ကြီးရွယ်အိုစင်တာများ နှင့် ခရိုင်မသန်စွမ်းသူများပံ့ပိုးရေးစင်တာများ သို့ တိုက်ရိုက် ဆက်သွယ်၍ အတန်းအချိန်ဇယားကို မေးမြန်းပြီး စာရင်းသွင်းနိုင်ပါသည်။

စံပြအလုပ်အကိုင်စာချုပ်အရ FDH တစ်ဦးလုပ်ကိုင်ရန် အိမ်အကူတာဝန်များတွင် ယဥ်မောင်းခြင်းကို ဖယ်ထုတ်ထားပါသည်။ ထို့အပြင် FDH တစ်ဦးကို ပေးထားသော အလုပ်ဗီဇာတွင် ယာဉ်မောင်းတာဝန် ထမ်းဆောင်ခြင်းကို တားမြစ်ထားသော နေထိုင်ခွင့်အခြေအနေများ ပါဝင်ပါသည်။ အလုပ်ရှင်သည် အိမ်အကူ တာဝန်များနှင့်စပ်လျဥ်း၍ ယဉ်မောင်းတာဝန်ထမ်းဆောင်ရန် FDH အား လိုအပ်ပါက အထူး ခွင့်ပြုချက်အတွက် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးထံ လျှောက်ထားရပါမည်။

အထူးခွင့်ပြုချက်အတွက် လျှောက်လွှာနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက ဟော့လိုင်း 2824 6111 သို့ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် enquiry@immd.gov.hk သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အလုပ်အကိုင်ဆိုင်ရာ စည်းမျဥ်းဥပဒေသည် အလုပ်ရှင်များမှ တရားဝင်ပိတ်ရက်များအစား အလုပ်သမားများကို ငွေပေးချေခြင်းမပြုရန် (ဆိုလိုသည်မှာ “ပိတ်ရက်များဝယ်ယူခြင်း”) တားမြစ်ထားသည်။ အလုပ်ရှင်သည် FDH အား တရားဝင်ပိတ်ရက်တွင် အလုပ်လုပ်ရန်လိုအပ်လာပါက အနည်းဆုံး 48 နာရီ ကြိုတင်အကြောင်းကြားပြီး တရားဝင်ပိတ်ရက်မတိုင်မီ သို့မဟုတ် ပြီးနောက် ရက်ပေါင်း 60 အတွင်း အခြားပိတ်ရက်တစ်ရက်ကို အစားထိုး ပေးသင့်ပါသည်။ ထို့ကြောင့် အလုပ်ရှင်သည် နှစ်သစ်ကူးကာလအတွင်းရှိ တရားဝင်ပိတ်ရက် 3 ရက်တွင် အလုပ်လုပ်သော FDH အတွက် အခြားပိတ်ရက် 3 ရက်ကို ဆက်တိုက် သို့မဟုတ် သီးခြား စီစဥ်ပေးသင့်ပါသည်။

ဤနေရာ ကိုနှိပ်ပါ။

အလုပ်သမားဦးစီးဌာနသည် FDHs အား ၎င်းတို့၏ငွေကြေးကို သတိရှိရှိစီမံခန့်ခွဲရန်နှင့် ငွေချေးခြင်းအား ရှောင်ကြဉ်ရန် တောက်လျှောက် သတိပေးခဲ့ပါသည်။ အလုပ်ရှင်အနေဖြင့် FDH အား ငွေကြေးစီမံခန့်ခွဲရာတွင် အောက်ပါနည်းလမ်းများဖြင့် ကူညီပေးနိုင်ပါသည်။

  • FDH သည် ၄င်း၏ဘဏ္ဍာရေးကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်နှင့် အလွန်အကျွံချေးငှားခြင်းကို ရှောင်ကြဥ်ရန် ငွေစုသည့်အလေ့အကျင့်ကို မွေးမြူရန် အားပေးခြင်း။ ဥပမာ - FDH အား လစဉ်လုပ်အားခ၏ အစိတ်အပိုင်းတစ်ခုကို အပ်နှံထားရန် အားပေးနိုင်ပါသည်။
  • FDH သည် ၄င်း၏မိသားစုထံ လစဉ်မည်မျှပေးပို့သနည်း၊ ၄င်းသည် ငွေစုသည့်အလေ့အကျင့် ရှိသူလား၊ ချေးငွေသဘောတူညီချက်တစ်ခုခုတွင် လက်မှတ်ထိုးခဲ့သလား စသည်ဖြင့်ကဲ့သို့သော အရာများကို FDH မှ သင့်အား ထုတ်ဖော်ပြသရန်ဆန္ဒရှိပါက သင်သည် FDH ၏ ဘဏ္ဍာရေး အခြေအနေအား စီရင်ဆုံးဖြတ်ခြင်းကိုမပြုဘဲ နားလည်သဘောပေါက်ရန် အစပျိုးလုပ်ဆောင်ပါ။ FDH အား လုပ်အားခပေးသည့်အချိန်သည် အထက်ပါအကြောင်းအရာများနှင့် ပက်သက်၍ ပေါ့ပေါ့ပါးပါးဆွေးနွေးရန် သင့်လျော်သော အချိန်ဖြစ်နိုင်ပါသည်။
  • FDH သည် ချေးငွေထုတ်ယူရန် စိတ်ဝင်စားမှုကို ဖော်ပြပါက ငွေချေးယူခြင်း၏ ရည်ရွယ်ချက်၊ အတိုးနှုန်းအပြင် ပြန်ဆပ်နိုင်မှုအစရှိသည်တို့ကို ၄င်းနှင့်အတူ စိတ်ရှည်ရှည်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။ ချေးငွေလျှောက်ရာတွင် FDHs အတွက် ယေဘုယျအားဖြင့် မှတ်သားရန် အချက်များကို အောက်တွင်ဖော်ပြထားပါသည် -
    • ငွေချေးခြင်း၏ အားသာချက်အားနည်းချက်များကို သေချာချိန်ဆပြီး ငွေကြေးအဖွဲ့အစည်းများထံမှ ချေးယူရန် အခြားရွေးချယ်စရာများကို စဉ်းစားပါ
    • လိုင်စင်ရငွေချေးသူတစ်ဦး နှင့်သာ ချိတ်ဆက်ပြီး သူ/သူမအပြည့်အဝနားလည်ပြီး သဘောတူသော ချေးငွေသဘောတူညီချက်ကိုသာ လက်မှတ်ရေးထိုးပါ
    • သူ/သူမ၏ အခွင့်အရေးများကိုကာကွယ်ရန် ငွေချေးသူများဥပဒေ၏ လိုအပ်ချက်များကို ဂရုပြုပါ။

အလုပ်အကိုင်စာချုပ် သက်တမ်းကုန်သွားသည့် သို့မဟုတ် စာချုပ်ရပ်စဲသည့် FDH တစ်ဦးထံမှ ချေးငွေအတွက် အလုပ်ရပ်စဲခြင်းအကြောင်း ငွေကြေးအဖွဲ့အစည်းသို့ အကြောင်းကြားနိုင်ပါသည်။ ငွေကြေးအဖွဲ့အစည်းမှ သင်၏မိသားစုအား အနှောင့်အယှက်ဖြစ်စေပါက ရဲတပ်ဖွဲ့ထံသို့ သတင်းပို့ တိုင်ကြားနိုင်ပါသည်။

စံပြအလုပ်အကိုင်သဘောတူစာချုပ်အရ စာချုပ်ပြည့်ခြင်း သို့မဟုတ် စာချုပ်ရပ်စဲသည့်အခါ FDH ၏ မွေးရပ်မြေသို့ အပြန်ခရီးအတွက် စရိတ်အခမဲ့ဖြင့် ပို့ပေးသင့်ပါသည်။ လေယာဉ်လက်မှတ် တန်ဖိုးနှင့်ညီမျှသော ငွေသားအစား အခြေခံစစ်ထားသော ခရီးဆောင်အိတ်နှင့် လေယာဉ်လက်မှတ်သာ ပေးရန် အကြံပြုထားပါသည်။ ငွေသားလက်ခံပြီးနောက် FDH သည် ဟောင်ကောင်တွင် ကန့်သတ်ထား သည်ထက် ပို၍ ကြာမြင့်စွာနေထိုင်ခြင်း သို့မဟုတ် မွေးရပ်မြေသို့ ပြန်မည့်အစား အခြား အိမ်နီးချင်း ဒေသများသို့ ထွက်ခွာမည့်အခြေအနေကို လျှော့ချပေးပါသည်။

ထို့အပြင် နှစ်ဦးနှစ်ဘက်လုံးတွင် စာချုပ်ပြည့်ခြင်း သို့မဟုတ် ရပ်စဲခြင်းဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန် လုံလောက်ပြီး သင့်လျော်သောအချိန်ရှိစေရန် သေချာစွာဆောင်ရွက်သင့်ပြီး၊ လေယာဉ် လက်မှတ်မ၀ယ်မီ ထွက်ခွာမည့်အစီအစဉ်အား (ထွက်ခွာမည့်ရက်စွဲနှင့် ဦးတည်ရာကဲ့သို့) FDH နှင့် အတည်ပြုရန် အကြံပြုအပ်ပါသည်။

FDH ၏ တည်နေရာကိုရှာမတွေ့ပါက ရဲတပ်ဖွဲ့ထံတိုင်ကြားပြီး ဟောင်ကောင်ရှိ FDH တိုင်းပြည်၏ သက်ဆိုင်ရာ ကောင်စစ်ဝန်နှင့်/သို့မဟုတ် အလုပ်အကိုင်အေဂျင်စီအား အကြောင်းကြားသင့်ပါသည်။ FDH သည် အကြောင်းကြားခြင်း သို့မဟုတ် ငွေပေးချေခြင်းမရှိဘဲ အလုပ်ထွက်ပါက အလုပ်ရှင်သည် FDH မှ စာချုပ်အား တစ်ဖက်သတ်ရပ်စဲကြောင်းကို လူဝင်မှုကြီးကြပ်ရေးဌာန (စုံစမ်းမေးမြန်းရန် ဟော့လိုင်း - 2824 6111 နှင့်enquiry@immd.gov.hk) သို့ အကြောင်းကြားသင့်ပါသည်။